ရန်ကုန်ရှိ မြို့နယ် (၆) မြို့နယ်တွင် ငလျင်တိုင်းစက်နှင့် GPS များ စတင်တပ်ဆင်နေ

0
280

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၆) မြို့နယ်ရှိ မြေသားရွေ့လျားမှု၊ မြေသားနိမ့်ကျမှုနှင့် မြေသားမြင့်တက်မှုများကို လေ့လာနိုင်ရန် မြေငလျင်တိုင်းစက်နှင့် GPS စက်များစတင်တပ်ဆင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သိရသည်။

အဆိုပါ မြို့နယ် (၆) မြို့နယ်မှာ ဗဟန်း၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့ဖြစ်ခါ မြေငလျင်တိုင်းစက်နှင့် GPS စက်များ တပ်ဆင်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့်မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းလုပ်ငန်းစဉ်များကို စက်တင်ဘာလ ဒုတိယအပတ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော်ကြီး ပရဝဏ်အတွင်း မြေငလျင်တိုင်းစက်နှင့် GPS စက်တပ်ဆင်သည့်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဟုသိရသည်။

ထို့ပြင် စက်တပ်ဆင်ထားသည့် ဧရိယာတွင် (၆) လ မှ (၁) နှစ်တာကာလအတွင်း မြေသားရွေ့လျားမှုအတိုင်းအတာများကို ရရှိနိုင်မည့်အပြင် ငလျင်ဘေးဒဏ်ခံရမှု လျော့ပါးစေရန်သုတေသနလုပ်ငန်းများအတွက်အထောက်အကူပြု အချက်အလက်များရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here