မလေးရှားနိုင်ငံ၌ တရားမဝင် ဖျော်ဖြေရေးစင်တာ (၃) ခုအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၉၂) ဦးဖမ်းဆီးခံရ

0
352

မလေးရှားနိုင်ငံ၊ တမန်ဆမာရပ်၌ တရားမဝင်ဖွင့်လှစ်ထားသည့် ဖျော်ဖြေရေးစင်တာ (၃) ခုအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၉၂) ဦး စက်တင်ဘာ (၁၆) ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်း နေ့ည (၁၁) နာရီခွဲခန့်က မလေးရှားရဲတပ်ဖွဲ့ဝင်များနှင့်မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ တမန်ဆမာရပ်၌ ဖွင့်လှစ်ထားသည့် ဖျော်ဖြေရေးစင်တာ (၃) ခုအား ဝင်ရောက်ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖျော်ဖြေရေးစင်တာ (၃) ခုသည် မြန်မာနိုင်ငံသားများအတွက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရပြီး စင်တာ (၃) ခုအတွင်းမှ မြန်မာနိုင်ငံသား အမျိုးသား (၆၅) ဦးနှင့် အမျိုးသမီး (၂၇) ဦး၊ စုစုပေါင်း (၉၂) ဦးအား ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့အနက် (၃၉) ဦးမှာ မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများကျူးလွန်ထားသည်ကို စစ်ဆေးတွေရှိခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား (၉၂) ဦးအား မလေးရှားနိုင်ငံဥပဒေအရ အရေးယူရန် နီလိုင်းခရိုင် ရဲတပ်ဖွဲ့စခန်းသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here