ကမာရွတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရ၊ ဝင်တိုက်သည့် ကားမောင်းနှင်ထွက်ပြေး

0
678

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ယနေ့ စက်တင်ဘာ (၁၈) ရက် မွန်းလွဲ (၂) နာရီခန့်က အမျိုးသားတစ်ဦးကားတိုက်ခံခဲ့ရပြီး ဝင်တိုက်မိသည့်ကားမှ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“ကမာရွတ်မြို့နယ်က ဘုရင့်နောင်လမ်းနဲ့ ကျောင်းလမ်းထိပ်မှာတိုက်မိတာပါ။ ဖြစ်စဥ်ကို ပတ်ဝန်းကျင်ကလူတွေပြောပုံအရဆိုရင် ကားကဝင်တိုက်မိပြီးတော့ ကားပေါ်က (၃) ယောက်လောက်ဆင်းလာပြီး တိုက်ခံရတဲ့လူကို ပလက်ဖောင်းနားရွှေ့ပြီး မောင်းပြေးသွားတယ်လို့ သိရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ကားဖြင့်တိုက်ခံရသည့် အမျိုးသားတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရောင်စဥ်မဲ့ လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရောင်စဥ်မဲ့အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here