လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ကား ဘရိတ်ပေါက်ပြီး ထရန်စဖော်မာနှင့်စျေးသည်များကိုဝင်တိုက် ၄ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

0
677

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်တွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)ညနေပိုင်းက ခရီးသည်တင်ကား ဘရိတ်ပေါက်၍ ထရန်စဖော်မာနှင့်စျေးသည်များကိုဝင်တိုက်မိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ညနေ ၅ နာရီကျော်ခန့်က လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်ရှိ အနော်ရထာလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် “သမာဓိ”ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းမှ ခရီးသည်တင်ကားသည် (၈၆)ဂိတ်ဟောင်းမှတ်တိုင်အရောက် ဘရိတ်ပေါက်၍ ထရန်စဖော်မာနှင့်စျေးသည်များအား ဝင်တိုက်မိခဲ့သည်။

“အတော်ပြင်းထန်တဲ့ဖြစ်စဥ်လို့ပြောလို့ရတယ် ကားအောက်မှာပိမိနေတဲ့လူတွေလည်းရှိတယ်၊အခင်းဖြစ်တဲ့နေရာမှာ အမျိုးသား ၁ ယောက်နဲ့အ မျိုးသမီး ၂ ယောက်သေဆုံးသွားတယ် နောက်ထပ်အမျိုးသမီး ၁ ယောက်က ဆေးရုံပို့ပေးတုန်းလမ်းမှာသေဆုံးသွားတဲ့အတွက် သေဆုံးသူ ၄ ယောက်ရှိပါတယ်၊ ဒဏ်ရာရတဲ့လူက ၄ ယောက်ပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်မှသေဆုံးသူများ၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအ သင်းဝင်များက လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here