အမြန်လမ်းတွင် လမ်းလျှောက်လာသူအား အိမ်စီးကားကဝင်တိုက်ပြီး အရှိန်မထိန်းနိုင်ဘဲလမ်းဘေးထိုးကျတိမ်းမှောက်

0
245

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် စက်တင်ဘာ ၁၈ ရက်ညနေပိုင်းက အိမ်စီးကားမှလမ်းလျှောက်လာသူအားဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှနေပြည် တော်ဘက်သို့မောင်းနှင်လာသည့် TOYOTA MARK X (ခဲရောင်)ကားသည် သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၇၁/၀ အနီးအရောက် လမ်းဘေးတွင်လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ဝင်တိုက်မိခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သာဂရအမြန်လမ်းမီးသတ်စခန်းနှင့်သာဂရအမြန်လမ်းရဲစခန်းတို့မှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယာဥ်တိုက်တိမ်းမှောက်မှုကြောင့် လမ်းလျှောက်လာသူအမျိုးသားမှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၂ ဦးမှာထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ သေဆုံးသူ၏ရုပ်အလောင်းအား ဆွာနာရေးကူညီမှုအသင်းမှ ဆွာမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here