တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့သော F-35 တိုက်လေယာဉ်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိ

0
328

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလက်စတန်မြို့အနီးတွင် တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့သော F-35 တိုက်လေယာဉ်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အပျက်အစီးများအား ချာလက်စတန် ပူးတွဲလေတပ်အခြေစိုက်စခန်း ၏ အရှေ့မြောက်ဘက် နှစ်နာရီခန့်ခရီးတွင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေမှုကို ဦးဆောင်ခဲ့သည့် ချာလက်စတန် ပူးတွဲလေတပ်အခြေစိုက်စခန်းက ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းစဉ်ကို ယမန်နေ့ညနေပိုင်းတွင် အမေရိကန်မရိန်းတပ်ဆီသို့ ထပ်မံလွှဲပြောင်းပေးကြောင်း မရိန်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် အဆိုပါ တိုက်လေယာဉ်သည် ပျံသန်းနေစဉ် “အပျက်အစီး” တစ်ခု ဖြစ်ပွားပြီးနောက် လေယာဉ်မှူးသည် လေယာဉ်မှ ဘေးကင်းစွာ ထွက်ခွာခဲ့ပြီး ဒေသဆိုင်ရာ ဆေးကုသဆောင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

“မတော်တဆမှုကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်ရဲ့ ခိုင်မာမှုကို ထိန်းသိမ်းထားနိုင်ဖို့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ မပေးနိုင်သေးပါဘူး” ဟု မရိန်းတပ်မှ တနင်္လာနေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here