မူဆယ်မြို့နယ်တွင် ၂၂ ဘီးကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ကားမောင်းသူသေဆုံး

0
182

ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်၊မော်တောင်း-တာလုံကြားတွင် စက်တင်ဘာ ၁၈ ရက်နံနက် ၁၁ နာရီခန့်က ၂၂ ဘီးကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“အခင်းဖြစ်နေရာက တောင်ပေါ်လမ်းဖြစ်တော့လမ်းအကွေ့ရဲ့အဆင်းမှာအရှိန်မထိန်းနိုင်တော့ဘဲမှောက်သွားတာ ကားက ၁၀၅ မိုင်ကနေဆင်းလာတာလို့သိရပါတယ် ကားမောင်းလာတဲ့လူက အ သက်(၅၀)လောက်ရှိပြီ ကားမှောက်တဲ့အချိန်ညပ်သွားပြီး သေဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here