ဘန်ကောက်၊စက်တင်ဘာ ၁၈
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် လာမည့်နှစ်ဖေဖော်ဝါရီလမှစ၍ ခံဝန်ဖြင့်ထွက်လာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးနိုင်ငံရေးသမားသက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်၏ဖြုတ်ချခြင်းကိုခံခဲ့ရပြီး ပြည်ပသို့တိမ်းရှောင်နေရာမှ ၁၅ နှစ်ကြာပြီးနောက် လွန်ခဲ့သည့်လကနိုင်ငံတွင်းပြန်လာခဲ့သည်။
ပြည်ပတွင်ရှိနေစဉ် သက်ဆင်သည် အာဏာအလွဲသုံးစားလုပ်မှု၊အကျိုးစီးပွား ပဋိပက္ခများ အပါအဝင် အမှုသုံးခု၌ ပြစ်ဒဏ်ရှိကြောင်း မျက်ကွယ် စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြန်လာချိန်၌ ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံခဲ့ရသည်။
ထိုင်းနိုင်ငံသို့ရောက်ရှိပြီး ပြစ်ဒဏ်ကျခံရသည့်ပထမဆုံးညတွင်ပင် မစ္စတာသက်ဆင်သည် ရင်ဘတ်အောင့်ကာ သွေးတိုးလာသဖြင့် ရဲဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရသည်။
ယင်းနောက် ရက်ပိုင်းအကြာတွင် ထိုင်းဘုရင်မင်းမြတ်သည် ၎င်း၏ရှစ်နှစ်ပြစ်ဒဏ်အား တစ်နှစ်အထိလျှော့ချပေးခဲ့ပြီး ယခုအခါတွင်မူ တစ်နှစ်မပြည့်မီလာမည့်နှစ်ဖေဖော်ဝါရီလတွင် ခံဝန်ဖြင့်ထွက်လာမည်ဖြစ်သည်။
Source : Reuters