အားပေးနေတဲ့ အီရန်ပရိသတ်တွေကို အိပ်ခွင့်ပေးဖို့အထိ တောင်းဆိုခဲ့ရတဲ့ စီရော်နယ်လ်ဒို

0
265

အယ်လ်နာဆာအသင်း တိုက်စစ်မှုး စီရော်နယ်လ်ဒိုဟာ AFC ချန်ပီယံလိဂ်ပွဲကစားဖို့ အီရန်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဒါကြောင့် အီရန်က ပရိသတ်တွေဟာ ရော်နယ်လ်ဒိုကို ကြိုဆိုတဲ့ အနေနဲ့ လမ်းမတွေထက်မှာ ရှိနေခဲ့ပြီး လေ့ကျင့်ခန်းလုပ်မယ့်နေရာထိတောင် လိုက်နေခဲ့လို့ လေ့ကျင့်ခန်းအစီအစဉ်တချို့ကိုဖျက်လိုက်ရတယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုကို‌ တွေ့ချင်တဲ့ ပရိသတ်‌တွေဟာလည်း အယ်လ်နာဆာအသင်းတည်းခိုတဲ့ ဟိုတယ်အရှေ့အထိရောက်ရှိလာပြီး ရော်နယ်လ်ဒိုရဲ့ နာမည်ကို ဟစ်ကြွေးပြီး သူ့ရဲ့ အောင်ပွဲခံပုံစံကို တစ်ညလုံးပြုလုပ်နေတာကြောင့် စီရော်နယ်ဒိုဟာ “အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ သူနဲ့ အသင်းသားတွေကို အိပ်ခွင့်ပေးဖို့ ” လက်ဟန်ပြပြီးတောင်းဆိုခဲ့တဲ့ ဗီဒီယိုဟာလည်း လူမှုကွန်ရက်မှာ ‌လူကြိုက်များနေပါတယ်။

အီရန်အစိုးရဟာလည်း သူတို့နိုင်ငံမှာ အင်တာနက်ကန့်သတ်မှုတွေရှိနေပေမယ့်လည်း အယ်လ်နာဆာအသင်းသားတွေအတွက် အထူး Sim Card တွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုရဲ့ အယ်နယ်ဆာအသင်းဟာ AFC ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယနေ့ညမှာ အီရန်ကလပ် ပါဆီပိုလစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here