ထိုင်း၌ လေထုညစ်ညမ်းမှုများလာ၍ တောင်ယာမီးရှို့မှုများရပ်ဆိုင်းရန်တိုက်တွန်း

0
253

ဘန်ကောက်၊စက်တင်ဘာ ၁၈

ပြီးခဲ့သည့်လများက ထိုင်းနိုင်ငံ၌ တောင်ယာမီးရှို့မှုများကြောင့် လေထုညစ်ညမ်းမှုဆိုးရွားလာကာ ဘန်ကောက်နှင့်ချင်းမိုင်တို့သည် ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့များထဲပါဝင်လာခဲ့သဖြင့် တောင်ယာမီးရှို့မှုများကိုရပ်ဆိုင်းသင့်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

လေထုညစ်ညမ်းမှုများအဆမတန်ဆိုးရွားလာပြီး PM 2.5 အမှုန်‌လေးများပါဝင်မှုမြင့်တက်လာသဖြင့်  ပြည်သူများအနေဖြင့် အိမ်ထဲ၌သာနေထိုင်ပြီး အလုပ်များကိုလည်းအိမ်မှသာလုပ်ကိုင်ရန်အာဏာပိုင်များကညွှန်ကြားထားခဲ့သည်။

ဒီဇင်ဘာမှဧပြီလအထိကာလများသည် နောက်သီးနှံစိုက်ပျိုးရန်အတွက် တောင်ယာမီးရှို့သောကာလများဖြစ်သဖြင့် ယင်းလများတွင် လေထုညစ်ညမ်းမှုအဆိုးရွားဆုံးဖြစ်ကာ PM 2.5 အမှုန်များပါဝင်မှုအများဆုံးကာလလည်းဖြစ်သည်။

ယင်းအလေ့အထများသည် ဆိုးရွားလွန်းသဖြင့် တောင်ယာမီးရှို့မှုများကို လုံးဝရပ်နားသင့်ကြောင်း စိုက်ပျိုးရေးဌာန အကြီးအကဲ ကပြောကြားခဲ့သည်။

ဆက်လက်၍ အစိုးရသစ်၏ဝန်ကြီးချုပ် ဆရီယာသာဗီဆင်အနေဖြင့်လည်း ယခုကိစ္စအားပေါ့ပေါ့တန်တန်မထားဘဲ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသင့်ကြောင်းကိုပါထည့်သွင်းပြောကြားတိုက်တွန်းခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ လေထုညစ်ညမ်းမှုနှင့်ဆက်စပ်၍ ပြည်သူနှစ်သန်းခန့်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး ဆေးကုသမှုခံယူခဲ့ကြရသည်ဟုလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here