ဗိုလ်တထောင်မြို့နယ်တွင် ကွန်တိန်နာကားမှ အမျိုးသားတစ်ဦးကို ဝင်တိုက်မိ၍ သေဆုံး၊ ကားမောင်းသူထွက်ပြေး

0
190

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောက်လမ်းမပေါ်တွင် စက်တင်ဘာ (၁၈) ရက်ညနေ (၅)နာရီခွဲကျော်ခန့်က ကွန်တိန်နာတစ်စီးမှ အမျိုးသားတစ်ဦးအား ဝင်တိုက်မိခဲ့၍ သေဆုံးသွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

“ဗိုလ်တထောင် ကျောက်လမ်းမပေါ်က ဂိုးချိုးဝင်းအရှေ့မှာဖြစ်သွားတာပါ။ ကွန်တိန်နာနဲ့ တိုက်ခံရပြီး သေဆုံးသွားတဲ့လူက အသက်(၃၅)နှစ်ဝန်းကျင်လောက်ပါ။ ကွန်တိန်နာမောင်းတဲ့လူက ဖြစ်စဥ်ဖြစ်တော့ အခင်းဖြစ်တဲ့နေရာမှာ ကားကိုထားပြီး ထွက်ပြေးသွားပါတယ်”ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ကွန်တိန်နာကားဖြင့်တိုက်ခံခဲ့ရသည့် အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here