မြင်းမူမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို ကုန်တင်ကားဝင်တိုက် (၂) ဦးဒဏ်ရာရ

0
213

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့ရှောင်လမ်းဆုံရှိ “မြင်းမူမြို့မှကြိုဆိုပါ၏” ဆိုင်းဘုတ်ကို ကုန်တင်ကားမှ ဝင်တိုက်မိခဲ့မှု ယနေ့ စက်တင်ဘာ (၁၉) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြတ်သုခ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့မွန်းတည့် (၁၂) နာရီကျော်ခန့်က ကုန်တင်ကားတစ်စီးသည် မြင်းမူမြို့၊ မြို့ရှောင်လမ်းဆုံရှိ “မြင်းမူမြို့မှကြိုဆိုပါ၏” ဆိုင်းဘုတ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားမောင်းသူနှင့် လိုက်ပါလာသူတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများအား မြတ်သုခ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြတ်သုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here