အရည်အသွေးမပြည့်မီသည့် ဆီများရောင်းချသည့် အမရပူရ မြို့နယ်မှ ကုန်စုံဆိုင် (၂) ဆိုင်အား ယာယီချိတ်ပိတ်

0
172

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်နှင့် အိုးတော်ရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တို့အား အရည်အသွေးမပြည့်မီသည့် ဆီများ ရောင်းချမှုဖြင့် ယမန်နေ့ စက်တင်ဘာ (၁၈) ရက်မှ စတင်ကာ ယာယီချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ (၅/က) ရပ်ရှိ နန်းရတနာစျေးမှ “နန်းရွှေရည်”ကုန်စုံ ဆိုင်နှင့် အိုးတော်ရပ်ကွက်၊ သိမ်ကြီးရပ်၊ သိမ်ကြီးစျေး၊ ရုံအမှတ်(E)၊ ဆိုင်ခန်းအမှတ်(၂)ရှိ “မိတ်ကောင်း”ကုန်စုံဆိုင်တို့အား ယာယီချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆိုင်များတွင် ရောင်းချနေသည့် မြေပဲဆီသန့် (၁) ပိဿာစီအား မန္တလေးမြို့တော်စည်ပင်၊ စျေးနှင့်သားသတ်ဌာနမှ နမူနာယူ၍ စစ်ဆေးခဲ့ရာ ရောင်းချသည့် ဆီများသည် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေရှိခဲ့ရသည့်အတွက် ယခုကဲ့လို ယာယီချိတ်ပိတ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကုန်စုံဆိုင်(၂ )ဆိုင်အား တာဝန်ရှိသူများက ယာယီချိတ်ပိတ်ခဲ့ပြီးနောက် ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here