တရုတ် – အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း (၈၀) ပါဝင်ပြသခဲ့

0
240

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း (၈၀) ပါဝင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(CAEXPO) ပြပွဲကို စက်တင်ဘာ (၁၆) ရက်မှ (၁၉) ရက်အထိ လေးရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်း ကုန်စည်ပြပွဲဖွင့်ပွဲနေ့မှ စတင်၍ တရုတ်နိုင်ငံ နှင့်အာဆီယံနိုင်ငံများမှ ကုန်ပစ္စည်းများနှင့်အတူ မြန်မာကုန်စည် ပြပွဲဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း(၈၀) ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာပစ္စည်းများ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာ ပစ္စည်းများကို ခင်းကျင်းပြသရောင်းချခဲ့သည်။

ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက် လေ့လာကြည့်ရှုသူများ ကြိုက်နှစ်သက်၍ ဝယ်ယူသူများနှင့် စည်ကားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here