အာရှဒေသ သံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး

0
165

အာရှဒေသ သံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကသံအမတ်ကြီးဖြစ်သည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေနှင့် တောင်အာဖရိကနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Saud Purwan to Krisnawan တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံ အာရှဒေသ သံတမန်များအဖွဲ့ နာယက သံအမတ်ကြီးဖြစ်သည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိက နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Saud Purwanto Krisnawan က စက်တင်ဘာ (၁၈) ရက်နံနက် (၁၀) နာရီက မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် အာရှဒေသ သံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နစက ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ – အင်ဒိုနီးရှား နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here