မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင်ကွင်းလမ်း၌ ရပ်ထားသည့် Dyna ကားပေါ်မှ ဒီတိုနေတာအချောင်း ၃ သောင်းဖမ်းမိ

0
390

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊စွပ္ပနူးကျေးရွာအနီးရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင်ကွင်းလမ်း၌ရပ်ထားသည့် Dyna ကားပေါ်မှ ဒီတိုနေတာအချောင်း ၃၀၀၀၀ အား စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၉ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်၊စွပ္ပနူးကျေးရွာအနီးရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင်ကွင်းလမ်း၌ရပ်ထားသည့် Dyna ကားအားစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်၌ ယာဥ်နောက်လိုက်အပါအဝင် အမျိုးသား ၃ ဦးတို့အား (အဖြူရောင်)ဆာလာအိတ်အတွင်း အကြည်ရောင်ပလတ်စတစ်အိတ်ဖြင့်ထုပ်ပိုးထားသည့် ဒီတိုနေတာအချောင်း ၃၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဒီတိုနေတာများအား တင်ဆောင်လာသည့် Dyna ကားမောင်းသူမှာထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရပ်တန်ထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရကာ ဖမ်းဆီးရမိသူများနှင့်ဒီတိုနေတာချောင်းများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here