စိုက်ပျိုးမြေများကိုအခြားနည်းများဖြင့် သုံးစွဲလျက်ရှိ၍ နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများဖြစ်နေ

0
166

စက်တင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းက လယ်ယာမြေကိုအခြားနည်းသုံးစွဲထားမှုများဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့်နောင်ထပ်မံမဖြစ်ပွားစေရေးအတွက်ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံး လုပ်နည်းစံနှုန်း(SOP)ရေးဆွဲပြုစုရေး
နေပြည်တော်ကောင်စီ လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးကပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိရာ နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိ၍ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရမည်ဟု ပြောသည်။

ထို့ပြင် ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကာ စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရန် ဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့ကြောင့် တည်ဆဲလယ်ယာမြေဥပဒေများကို မျက်ကွယ်ပြုပြီး လယ်မြေများကိုဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ/ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်များဆောက်လုပ်ခြင်း၊အဆောက်အဦများဆောက်လုပ်ခြင်း၊စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းစသည့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်နေမှုများကို ပြည်သူများနစ်နာမှုမရှိစေရန် ဖော်ထုတ်ရမည်ဟု မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here