ယခုနှစ်ထွက် မိုးစပါး တင်း (၁၀၀) လျင် သိန်း(၂၀) အထိ ပေးဝယ်ရန် ဆန်စပါးအသင်းချုပ်မှ ရည်ညွှန်းဈေးသတ်မှတ်

0
316

၂၀၂၃ ခုနှစ်အတွက် မိုးစပါး ပေါ်ထွက်ချိန်တွင် ဆန်စပါးဝယ်ယူရာတွင် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပေါ်စေရန်အတွက် ကုန်သည်များဝယ်ယူရမည့် မိုးစပါးရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသည်။

ယင်းဈေးနှုန်းများထဲတွင် ရွှေဘိုပေါ်ဆန်း တင်း (၁၀၀) ကို (၁၈) သိန်းမှ သိန်း (၂၀) အထိ ဈေးသတ်မှတ်ဝယ်ယူကြရန်  အသိပေးထုတ်ပြန်ထားသည်။

အလားတူ ဧရာဝတီပေါ်ဆန်းစပါး တင်း (၁၀၀) ကို (၁၆) သိန်းမှ (၁၈) သိန်း အထိ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြီး အရောင်းအဝယ် ပြုလုပ်ကြရန် မြန်မာနိုင်ငံငံဆန်စပါးအသင်းချုပ်က  အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ဧည့်မထ/ငစိန်စပါးများ တင်း (၁၀၀) လျှင် ကျပ် (၁၃) သိန်းမှ (၁၅) သိန်းအတွင်း ၊ ဧရာမင်း၊ ဧရာပဒေသာစ ပါးတင်း (၁၀၀)လျှင် ကျပ် (၁၆)သိန်းမှ (၁၈) သိန်းအတွင်း သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် တောင်သူလယ်
သမားများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိုက်သင့်သည့် အကျိုး အမြတ်ရရှိရေး၊ ကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်သူများအတွက်လည်း ထိုက်သင့်သည့်အကျိုးအမြတ်ရရှိရေး စားသုံးသူပြည်သူလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်သည့် ဆန်ဈေးနှုန်းဖြစ်စေရေး ၊ နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့်အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ၂၀၂၃ ခုနှစ် မိုးစပါးရာသီထွက်ရှိလာသည့် စပါးများအပေါ်ဝယ်ယူမည့် စပါးဈေးနှုန်းများကို သတ်မှတ်နိုင်ရန် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ၊ မြန်မာနိုင်ငံဆန်စက်လုပ် ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအ သင်းမှ တာဝန်ရှိသူများ၊ အသင်းချုပ်၏ စီမံခန့်ခွဲရေးကော် မတီနှင့် CEC ဗဟိုအလုပ်အမှုဆောင်များ၊ Exporter ကုမ္ပ ဏီများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သင့်တင့်မျှတသော ရည် ညွှန်းဈေးနှုန်းများကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်အရ လက်ရှိကာလ (၂၀၂၃ ခုနှစ် မိုးစပါး) ထွက်ရှိသည့် စပါးများအပေါ်  အသင်းဝင်ကုမ္ပဏီများ၊ ဆန်စပါးကုန်သည်များအနေဖြင့် ဖော်ပြပါဈေးနှုန်းများအတိုင်း သတ်မှတ်ဝယ်ယူပေးရန် အကြောင်းကြားထားကြောင်းလည်း သိရသည်။

အဆိုပါ စပါးဈေးနှုန်းများဖြင့် ဝယ်ယူရန် အခက်အခဲရှိပါက အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များသို့ အသိပေးရန်နှင့် အဆိုပါဈေးနှုန်းများထက်ပို၍ ဈေးပေးဝယ်ယူမှုများရှိပါက ဖော်ထုတ်တင်ပြရန်လည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here