အာဆီယံနိုင်ငံများ၏ ပထမဆုံးသောပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၌စတင်ခဲ့

0
314

ဘက်တမ်၊စက်တင်ဘာ ၁၉

အင်အားကြီးနိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနှင့် တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏လုပ်ဆောင်ချက်များကို ကန့်ကွက်ဆန္ဒပြမှုများမြင့်တက်နေချိန်တွင် အာဆီယံနိုင်ငံများမှ တပ်ဖွဲ့များသည် ၎င်းတို့၏ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံတွင်စတင်ခဲ့‌ ကြောင်းသိရသည်။

တိုက်ခိုက်ရေးမပါဝင်သည့်ငါးရက်ကြာ  စစ်ဆင်ရေး၌ ရေကြောင်းလုံခြုံရေးနှင့်ကင်းလှည့်ခြင်းအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကယ်ဆယ်ရေးများဖြန့်ဝေပေးခြင်းတို့ပါဝင်ပြီး စစ်ရေးစွမ်းရည်များမြှင့်တင်ရန်ပါရည်ရွယ်ထားကြောင်း အင်ဒိုနီးရှားစစ်တပ်ကထုတ်ပြန်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အဖွဲ့ဝင် ၁၀ နိုင်ငံလုံးသည် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည်ဖြစ်ပြီး နောင်တွင်အဖွဲ့ဝင်ဖြစ်လာမည့် တီမောလက်စ်တီနိုင်ငံလည်းပါဝင်ကြောင်းသိရသည်။

“အာဆီယံက စီးပွားရေးကိုပိုအာရုံစိုက်တဲ့အဖွဲ့အစည်းဖြစ်လို့ အခုလေ့ကျင့်မှုက တိုက်ခိုက်ရေးစစ်ဆင်မှုတစ်ခုတော့မဟုတ်ပါဘူး၊အခုသင်တန်းက လူမှုရေးဆိုင်ရာလှုပ်ရှားမှုတွေအကြောင်းအဓိကပါ” ဟု အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ Yudo Margono က စက်တင်ဘာ ၁၉ ရက်၌ အင်ဒိုနီးရှားနိုင်ငံ Batam ကျွန်းတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးနောက်သတင်းထောက်များအားပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here