ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ဘာသာရပ်များသင်ယူလိုပါက လျှောက်ထားနိုင်

0
167

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် တက်ရောက်လိုပါက ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းများကို လာမည့် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ထို့ကြောင့် တက်ရောက်လိုသူများအနေဖြင့် အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ အထူးပြုဘာသာရပ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ဘာသာရပ်များကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဌာနမှူး (သင်တန်းရေးရာ) ဖုန်း ၀၉ ၄၂၁ ၀၁၂၈၀၈ ၊မော်ကွန်းထိန်း ဖုန်း ၀၉ ၇၈၈ ၁၈၉၁၈၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here