နယူးဇီလန်တောင်ပိုင်းတွင် အင်အား ၆.၂ ငလျင်လှုပ်

0
272

နယူးဇီလန်နိုင်ငံ South Island တွင် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၄ မိနစ်က ရစ်ချတာစကေး အင်အား ၆.၂ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ မြေငလျင် ဗဟိုချက်မှာ ခရစ္စချာ့ချ်မြို့အနောက်ဖက် ၁၂၄ ကီလိုမီတာအကွာနေရာ၏ မြေအောက် ၁၁ ကီလိုမီတာတွင်ဖြစ်ကြောင်း နယူးဇီလန်အစိုးရ၏ ဘူမိသုတေသန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်းသိရသည်။

“ဒီမှာ ပျက်စီးတာတော့ မရှိပါဘူး၊ ဒါပေမယ့် မိုးခြိမ်းတာလို့ ကျွန်မ ထင်ခဲ့တာ”ဟု ငလျင်ဗဟိုချက်နှင့် နီးစပ်သည့်ဒေသတွင်နေထိုင်သူ ဆာရာဟပ်ဆီ က ပြောသည်။

ငလျင်ဗဟိုချက်အနီးရှိ တီမာရူးမြို့၏ လက်ထောက်မြို့တော်ဝန် စကော့ရှန်နွန်က ပျက်စီးဆုံးရှုံးမှု ချက်ချင်းသတင်းမရရှိသော်လည်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here