ကုန်သေတ္တာ/အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအား စောင့်ကြည့်စစ်ဆေးမည့် E-Lock စနစ်စတင်

0
350

E-Lock စနစ် လုပ်ငန်းစတင်ပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ဖြေကြားထားသည်။

အဆိုပါစနစ်ကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းစတင်ခြင်း အခမ်းအနားကို စက်တာဘာ (၁၉) ရက်  ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ကျင်းပခဲ့သည်။

အဆိုပါ E-Lock စနစ်ဆောင်ရွက် အသုံးပြုခြင်းသည် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရန်၊ တရားမဝင်ကုန်သွယ်မှုကို ပိုမိုတားဆီးထိန်းချုပ်နိုင်ရန် စသည့်ရည်ရွယ် ချက်များဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း ကုန်စည်သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန်ခြင်း၊ လမ်းကြောင်းတစ်လျှောက် ဖွင့်ဖောက်စစ်ဆေးမှုမရှိစေပဲ အချိန်ကုန်သက်သာခြင်း၊ ကုန်တင်ယာဉ်တည်နေရာနှင့် ရောက်မည့်အချိန်ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်း ကုန်ပစ္စည်းပျောက်ဆုံးမှုမရှိခြင်း၊ ကုန်ပစ္စည်းအလေအလွင့်နည်းပါးခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

E-Lock စနစ်ကို Phase 1 အနေဖြင့် ရန်ကုန်သီလဝါ (SEZ)မှ မြဝတီ အသွားအပြန် ကုန်စည်ပို့ဆောင်မှု လမ်းကြောင်းတွင် စတင်အသုံးပြုမည်ဖြစ်ပြီး Phase 2 အနေဖြင့် ရန်ကုန်-မြဝတီ ၊ မန္တလေး-မူဆယ် ၊ ရန်ကုန်-မန္တလေး အသွားအပြန် လမ်းကြောင်းများတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here