ဟားခါးမြို့တွင် မြေပြိုကျမှုကြောင့် အန္တရာယ်ရှိသည့် အဆောက်အဦ တစ်လုံးအား ဖြိုဖျက်ခဲ့ရ

0
249

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့စက်တင်ဘာ (၂၀) ရက် နံနက် (၇) နာရီ (၄၅) မိနစ်ခန့်က ဟားခါးထာရ်(၂) ရပ်ကွက်၌ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေပြိုကျမှုအား ဟားခါးခရိုင်/မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြေပြိုကျသည့် နေရာအနီးရှိ အန္တရာယ်ရှိသော အဆောက်အဦအား ဖျက်သိမ်းခြင်း၊ ပစ္စည်းများရွှေ့ပြောင်းပေးခြင်းနှင့် ဆက်လက်ပြိုကျနိုင်သည့် နေရာများအား ရှင်းလင်းခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ နံနက် (၆) နာရီခန့်ကလည်း ဟားခါးမြို့၊မြို့သစ် ရပ်ကွက်၊ ထပ်လွယ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျခဲ့သဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီးနောက် အန္တရာယ်ရှိသည့် နေအိမ်(၁)လုံးမှ မိသားစုဝင်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here