မြန်မာကိုယ်စားပြုကန်ရမည်ဖြစ်သည့်အတွက် အကောင်းဆုံးကြိုးစားသွားမည်ဟု ရှမ်းနည်းပြပြော

0
261

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩစတြေးလျကလပ် မက်ခ်အာသာအသင်း နှင့် စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

” ရှမ်းယူနိုက်တက်အသင်းက မြန်မာကိုယ်စားပြုပြီးကန်တာဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားကစားသွားမှာပါ၊ ရလဒ်တွေကောင်းအောင်လည်း အစွမ်းကုန်ကြိုးစားသွားမယ်၊ အရင်နှစ်တွေထက်လည်း အများကြီးပိုမိုပြင်ဆင်ထားပါတယ်၊ ပြိုင်ဘက်အသင်းက အသင်းကောင်းတစ်သင်းပါ၊ ဥရောပထိပ်တန်းလိဂ်တွေမှာကစားခဲ့တဲ့ ကစားသမားတွေပါ၀င်ပါတယ်” ဟု ရှမ်းနည်းပြချုပ် ဦးဟန်ဝင်းအောင်ကယနေ့စက်တင််ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင် ဖိလစ်ပိုင်ကလပ် Dynamic Herb Cebu FC၊ ဩစတြေးလျကလပ် Macarthur FC၊ ကမ္ဘောဒီးယားကလပ် Phnom Penh Crown FCတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီးအိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Photo – Shan United


LEAVE A REPLY

Please enter your comment!
Please enter your name here