ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်တွင် ကမ်းပါးပြိုကျရာမှ နေအိမ် (၆)လုံး ရေစီးနှင့်မျောပါပြီး အမျိုးသမီး (၁) ဦး သေဆုံး

0
437

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစု ရပ်ကွက်တွင် အလျားပေ (၁၃၀၀) အနံ ပေ(၆၀)ခန့်ရှိ ကမ်းပါပြိုကျရာမှ နေအိမ်(၆)လုံး ရေစီးနှင့်မျောပါကာ အမျိုးသမီး (၁) ဦး သေဆုံးခဲ့ရကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စက်တင်ဘာ (၂၀)ရက် နေ့လည်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ညနေ (၄)နာရီ၊ (၃၀) မိနစ်ခန့်တွင် ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် တွံတေးတူးမြောင်း ကမ်းစပ်အနီးနေထိုင်သော နေအိမ် (၆)လုံး ရေစီးနှင့် ပြိုကျမျောပါသွားခြင်း ဖြစ်သည်။

ထိုသို့ ပြိုကျရာတွင် အမျိုးသမီး(၂)ဦး မြစ်ထဲပြုတ်ကျရာ မသန္တာစိုး (ဘ) ဦးမြင့်ဦး အသက်(၄၂)နှစ်သည် စိုးရိမ်ရသဖြင့် ဒလဆေးရုံသို့ ပိုဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသ ည်။

ကမ်းပြိုရာသို့ မြို့နယ်စီမံအုပ်ရေးမှ တာဝန်ရှိသူများ ရေအရင်းအမြစ်မှ တာဝန်ရှိသူများလည်းရောက်ရှိလာခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအစီအစဉ်ဖြင့် ကမ်းပြိုရာအနီးအနား အိမ်ခြေ (၈၀)ခန့်တွင် နေထိုင်သူများအား တာကြီးဘုန်တော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူကျောင်းတိုက်တွင် ယာယီနေရာချထားပေးကြောင်း ကနဦးသတင်းရရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အစားအသောက်နှင့် ရေသန်များ ကူညီမှုများပြုလုပ်နိုင်ရန် ကယ်ဆယ်ရေးများ ဆက်လက်ထွက်ခွာလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here