၂၀၂၃ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို လူသားချင်းစာနာမှု အကူအညီပေးခဲ့

0
206

၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၅ သန်းကို လူသားချင်းစာနာမှုအကူအညီပေးရန် ဦးတည်ထားရာ ပထမနှစ်ဝက်အတွင်း ၁ ဒသမ ၈သန်းကျော်ကို အကူအညီပေးခဲ့ပြီးဖြစ်ကြောင်း UNOCHA Myanmar က အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ စဥ်ဆက်မပြတ် တိုးပွားနေသလို အရပ်သားထိခိုက်သေဆုံးမှုများလည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း UNOCHA က ၎င်းတို့၏ ထုတ်ပြန်ချက်မှတဆင့် အသိပေးထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၁) ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံး ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အလားတူ နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ဩဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျံမှုများကြောင့် ရေဘေးသင့်ပြည်သူ ၈၀,၀၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့ထဲမှ တချို့သည် နေအိမ်များသို့ ပြန်ခဲ့ကြသော်လည်း အများအပြားမှာ ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်းလည်း UNOCHA က ဆိုသည်။

ထို့အပြင် ကချင်ပြည်နယ်အပါအဝင် အရှေ့တောင်ပိုင်း ဒေသများတွင် လူသားချင်းစာနာမှုဆိုင်ရာ
ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်များတိုးလာခြင်းကြောင့် အကူအညီလိုအပ်သူဆီများကို အရေးပါသည့် အကူအညီများပေးအပ်နိုင်ရန် အဟန့်အတားဖြစ်နေ​သေးကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တစ်ဆက်တည်းတွင် ဆိုးရွားသည့် ရာသီဥတု အခြေအနေများကြောင့် နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ရှိရင်းစွဲဒုက္ခများနှင့် ရင်ဆိုင်ရသူများ၏ နေထိုင်ရေးကို ပိုမိုဆိုးရွားစေကြောင်းလည်း UNOCHA Myanmar က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here