အီရန်နှင့် ရုရှားတို့သည် စစ်ရေး-နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ခဲ့ကြောင်း အီရန်သမ္မတ ပြောကြား

0
225

တီဟီရန်သို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ၏ ခရီးစဉ်နှင့် ပတ်သက်၍၊ အီရန်နှင့် ရုရှားတို့သည် စစ်ရေး-နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ကာလတာရှည် ထိန်းသိမ်းထားခဲ့သည်ဟု အီရန်သမ္မတ Ebrahim Raisi က မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

“အီရန်နှင့် ရုရှားတို့သည် စစ်ရေးနှင့် နိုင်ငံရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ကာလကြာရှည်စွာ ထိန်းသိမ်းထားခဲ့ပြီး၊ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်သည်” ဟု Raisi က ပြောကြားခဲ့သည်။ Shoigu ၏ ခရီးစဉ် သီးခြားရလဒ်များနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်တို့၏ စစ်ရေးကွပ်ကဲမှုဆိုင်ရာဌာနများထံမှ တရားဝင် သတင်းထုတ်ပြန်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးများအပါအဝင် နှစ်နိုင်ငံကြား အဆက်အသွယ်များသည် လက်ရှိအခြေအနေအရပ်ရပ်အပေါ် မူတည်နေကြောင်းနှင့် “ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု သမ္မတ Raisi က ကတိပြုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here