စီးတီးတက္ကစီအဖြစ် ယာဉ်အစီးရေ ၅၃၀၀၀ ကျော်မှတ်ပုံတင်ထား

0
293

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရာတွင် လက်ရှိအချိန်ထိ အစီးရေ ၅၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

“အခုတော့ တက္ကစီတွေ အားလုံးနီးပါး စီးတီးတက္ကစီ အဖြစ်မှတ်ပုံလာတင်ကြပါတယ်။ သိပ်တော့ မကျန်တော့ဘူး။ မှတ်ပုံမတင်တဲ့ ကားတွေကို ဘယ်လိုအရေးယူမလဲဆိုတော့ လုံခြုရေးအရ ကန့်သတ်ထားတဲ့နယ်မြေတွေမှာ လုံးဝပြေးဆွဲခွင့်မရှိဘူး”ဟု ၎င်းကဆိုသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ယခင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ် အခြေခံ၍ City Taxi ယာဉ်၏ ဘေးစတစ်ကာနံပါတ်များကို E၊ W၊ S၊ N သင်္ကေတများဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကောက်ခံမည်မဟုတ်ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃၀၀၀၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅၀၀ နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ တို့ဖြင့် စုစုပေါင်းငွေကျပ် ၈၃၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here