(၂၃၀)ကေဗွီ သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းအပြစ်ကြောင့် လျှပ်စစ်မီးပြတ်တောက်နေ

0
194

(၂၃၀)ကေဗွီ သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းသည် စက်တင်ဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီ ၈ မိနစ်ခန့် အပြစ်ဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်မီးယာယီပြတ်တောက်လျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အသိပေးခဲ့သည်။

(၂၃၀)ကေဗွီ သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းအပြစ်ကြောင့် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့၍ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်လျက်ရှိခြက်းဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်း ကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်ရန် အချိန်နှင့်တစ်ပြေးညီကြိုးပမ်း ဆောင်ရွက်လျှက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here