မိတ္ထီလာတွင် အမျိုးသားတစ်ဦး ကားဖြင့် အတိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရ ၊ ယာဉ်မောင်းသူမှာ မောင်းပြေးသွား

0
188

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် လမ်းလျှောက်လာသူ အမျိုးသား (၁)ဦးအား ကားတစ်စီးမှ ဝင်တိုက်ကာ မောင်းနှင် ထွက်ပြေးသွားပြီး အတိုက်ခံရသူမှာ ဦးခေါင်းခွံကွဲသည်အထိ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာရှိ တံတားအနီးတွင် စက်တင်ဘာ (၂၀) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားဖြင့်အတိုက်ခံရသူမှာ သွေးအိုင်အတွင်းသတိလစ်နေခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါ ကားတိုက်ပြေးမှုဖြစ်စဉ်ကြောင့် အတိုက်ခံရသူ အမျိုးသားမှာ သွေးအိုင်ထဲလဲကျခဲ့ကာ ဦးခေါင်းခွံကွဲပြီး သတိလစ်နေသော်လည်း အသက်ပြန်ရှုလာသောကြောင့် လိုအပ်သည့် ကုသမှုများနှင့် ပြုစုပေးခဲ့ရကြောင်း သိရသည်။

“မိုက်ရိုင်းလိုက်တဲ့ကားသမားပါ။ လူကို ကြက်ကလေး/ငှက်ကလေးတိုက်သလို တိုက်ပြီးထွက်ပြေးသွားတာ”ဟု သွားရောက်ကူညီခဲ့သူ အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် အသက်ကြီးပိုင်း အမျိူးသား လူနာအား သွေးထပ်မထွက်စေရန် ပတ်တီးစည်းပေးကာ အသင်းပိုင် လူနာတင်ကားဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here