ကနေဒါနိုင်ငံသားများကို အိန္ဒိယက ပြည်ဝင်ခွင့်ဗီဇာ ရပ်ဆိုင်း

0
254

အိန္ဒိယနှင့် ကနေဒါ နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှု မြင့်မားလာသဖြင့် လုံခြုံရေးကို အကြာင်းပြ၍ ကနေဒါနိုင်ငံက အိန္ဒိယနိုင်ငံရှိ မိမိတို့၏ သံတမန်ဆိုင်ရာတာဝန်ရှိသူ အရေအတွက်ကို လျှော့ချမည်ဟု ဆိုလာရာတွင် အိန္ဒိယကလည်း ကနေဒါနိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

ယနေ့အစောပိုင်းကလည်း အိန္ဒိယနိုင်ငံတာဝန်ရှိသူတို့က ကနေဒါတွင်ရောက်ရှိနေကြသော အိန္ဒိယ နိုင်ငံသားများအား “အတတ်နိုင်ဆုံး သတိပြုနေထိုင်ကြရန်” သတိပေးချက်ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးကို ခြိမ်းချောက်နေကြောင်း အရိပ်အမြွက်ပြောကြားသတိပေးခဲ့သည်။ အဓိကအားဖြင့် ကနေဒါတွင် ရွှေ့ပြောင်းအခြေချနေထိုင်လျှက်ရှိသည့် အိန္ဒိယနိုင်ငံသားများနှင့် ပညာသင်ယူနေကြသော အိန္ဒိယကျောင်းသားများ ပိုမိုသတိပြုရန်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here