လားရှိုးတွင် ဆောက်လုပ်ဆဲ အဆောက်အဦ အိမ်သာကျင်းအတွင်း အမျိုးသား(၃)ဦး အောက်ဆီဂျင်ပြတ်ကာ လဲကျသေဆုံး

0
475

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦ၏ အိမ်သာကျင်းအတွင်း၌ အမျိုးသား (၃) ဦး အောက်ဆီဂျင်ပြတ်တောက်၍ လဲကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ယနေ့စက်တင်ဘာ (၂၁)ရက် (၂)နာရီ (၄၀)မိနစ်အချိန်ခန့်က လားရှိုးမြို့၊ ရပ်ကွက် (၈) သီတာလမ်းရှိ ဆောက်လုပ်ဆဲ အဆောက်အဦ အိမ်သာကျင်းအတွင်း အမျိုးသား(၃)ဦး အောက်ဆီဂျင်ပြတ်တောက်၍ လဲကျနေကြောင်း သတင်းအရ လားရှိုးမြို့နယ်မီးသတ်စခန်းမှ သွားရောက်ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းအရ လားရှိုးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် လုပ်ဆောင်ပေးခဲ့ပြီး အမျိုးသား (၃)ဦးလုံးမှာ အောက်ဆီဂျင် ပြတ်တောက်မှုကြောင့်သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသား(၃)ဦး၏ သေဆုံး ရုပ်အလောင်းများကို လားရှိုးလူငယ်အသင်း၊ ဓမ္မရက္ခိတအသင်း၊ ဂရုဏာအသင်းနှင့် ကမ်းလင့်လက်အသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here