မြန်မာနိုင်ငံ၌ လည်ပတ်သင့်သည့် ခရီးစဥ်ဒေသ (၁၄) ခုအား ဟိုတယ်ခရီးမှ အကြံပြု

0
247

မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများ ဦးစားပေး သွားလာလည်ပတ်သင့်သည့် ခရီးစဥ်ဒေသ (၁၄)ခုကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးအကြံ ပြုထားသည်။

အဆိုပါ ဦးစားပေး သွားလာလည်ပတ်သင့်သည့် နေရာ (၁၄) ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ပူတာအိုတို့ဖြစ်ပြီး လာမည့်ပွင့်လင်းရာသီ ကာလအတွင်း ဦးစားပေးလည်ပတ်သင့်သည့် ခရီးစဥ်ဒေသများဖြစ်ကြောင်း အကြံပြုထားခြင်း ဖြစ်သည်။

ယင်းခရီးစဥ်ဒေသ (၁၄) ခုသည် မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြင့် ထင်ရှားကျော်ကြားသည့် သမိုင်းဝင်ဘုရား၊ စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အဦများ၊တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်များ၊ သာယာကောင်းမွန်သည့် ရာသီဥတုနှင့် တောတောင်ရေမြေ သဘာဝအလှအပများရှိနေသဖြင့် လေ့လာကြည့်ရှုခံစားနိုင်စေရန် ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနက အကြံပြုထားခြင်းဖြစ်သည်။

ယင်း ခရီးစဉ်ဒေသ(၁၄)ခု၏ ဒေသတစ်ခုချင်းစီ အလိုက် ခရီးသွားဆွဲဆောင်ရာ နေရာများနှင့် သွားလာလည်ပတ်ရာတွင်ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန၏ website များဖြစ်သည့် www. tourism.gov.mm နှင့် www.tourisminmyanmar.com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here