မြန်မာယူ ၂၄ အသင်း တရုတ်ကိုရှုံးနိမ့်ခဲ့သော်လည်း နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိနေ

0
263

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၁၉ ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲဒုတိယပွဲစဥ်တွင်် မြန်မာယူ ၂၄ အသင်း တရုတ်အသင်းကိိုရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာယူ ၂၄ အသင်းနှင့် အိမ်ရှင် တရုတ်အသင်းတို့ ယနေ့ မြန်မာစံ‌တော်ချိန် ည‌နေ ၆ နာရီ က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး တရုတ်အသင်းက မြန်မာအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ၂၄ အသင်းသည် တရုတ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ရမှတ် (၃) မှတ်ရရှိထားသည့်အတွက်အုပ်စု‌နောက်ဆုံးပွဲစဉ်အဖြစ် အိန္ဒိယအသင်းနှင့်ယှဉ်ပြိုင်ကစားရာတွင် ရလဒ်မဆိုးဝါးပါက နောက်တစ်ဆင့်တက်ရောက်ရန်အခွင့်အရေးရှိနေသည်။

Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု (၆)အုပ်စု ရှိပြီး အုပ်စု ပထမနှင့်ဒုတိယ နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်း၊ စုစုပေါင်း ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here