လှိုင်သာယာမြို့နယ်တွင် အမျိုးသမီးကြီးတစ်ဦး ရေစိုကာလျှပ်စီးဝင်နေသည့် အုတ်နံရံကိုထိမိရာမှ ဓာတ်လိုက်သေဆုံး

0
225

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊(၁၉)ရပ်ကွက်တွင် အသက်(၇၄)နှစ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး ရေစိုကာလျှပ်စီးဝင်နေသည့် အုတ်နံရံအားထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့မှု စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လှိုင်သာယာမြို့နယ်၊(၁၉)ရပ်ကွက်၊ဦးချစ်မောင်လမ်းရှိ နေ အိမ်တစ်လုံး၌ ဒေါ်မြင့်ကြည်(၇၄)နှစ်သည် ရေစိုကာလျှပ်စီးဝင်နေသည့် အုတ်နံရံအားထိမိရာမှ ဓာတ်လိုက်သွားခဲ့ကြောင်း သိရသည်။

“အိမ်ခေါင်မိုးကနေ အိမ်ထဲကို ဖောက်ဆွဲထားတဲ့ လျှပ်စစ်မီးကြိုးကတဆင့် ရေဆိုနေတဲ့ အုတ်နံရံကိုလျှပ်စစ်ဝင်နေတာကိုမသိဘဲ ထိလိုက်မိတဲ့အတွက် ဓာတ်လိုက်သွားတာပါ”ဟု (၁၉)ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ဓာတ်လိုက်ခံရသူဒေါ်မြင့်ကြည်အား ဆေးကုသမှုခံယူနိုင်ရန် လှိုင်သာယာဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here