မရမ်းကုန်းတွင် လူငယ်တစ်ဦး ဂိမ်းဆော့နေစဉ် အကြောကပ်ပြီး တက်သွားသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ရ

0
326

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် လူငယ် အမျိုးသားတစ်ဦး ဂိမ်းဆော့နေစဉ် အကြောများကပ်ပြီး တက်သွားသည့်အတွက် ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အရှေ့ဗဟိုလမ်း၊ မုဒိတာအိမ်ရာ (၁) (B) ဆောင် (၂)လွှာမှ လူငယ်အမျိုးသား တစ်ဦးမှာ ဂိမ်း‌ဆော့ကစားနေစဉ် ရုတ်တရက် အကြောများကပ်ကာ အတက်ဝေဒနာ ခံစားနေရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးပါရန် မိသားစုဝင်တစ်ဦးက အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အရ အတက်ဝေဒနာ ခံစားခဲ့ရသည့် လူငယ်ကို ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နှင့် တပြေးညီ သွားရောက်ကာ လိုအပ်သည့် ကနဦးပြုစုမှုများ လုပ်ဆောင်ပေးပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here