ဒလမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေရသည့် (၁၀၅) ဦးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

0
251

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ စက်တင်ဘာ (၂၀) ရက် ညနေ (၄) နာရီခွဲခန့်က မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေရသည့် ဆာပါချောင်ကျောင်းစုရပ်ကွက်မှ အိမ်ထောင်စု (၉၁)စုမှ မိသားစုဝင် (၁၀၅)ဦးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထောက်ပံ့သည့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ရေး ပစ္စည်းများအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ (၂၁) ရက် နံနက် (၁၀) နာရီက ခိုလှုံနေသူများရှိသည့် တာကြီးရပ်ကွက်၊ ပုညာရာမဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ခဲ့ပြီးနောက် အားပေးစကားများလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထောက်ပံ့‌ရေးပစ္စည်းများအဖြစ် ဆန်၊ ဆီ၊ အသင့်စားခေါက် ဆွဲခြောက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျခဲ့သည့် နေရာများကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Photo -YCDC


LEAVE A REPLY

Please enter your comment!
Please enter your name here