ထိုင်ဝမ်သည် တရုတ်၏အစိတ်အပိုင်းဖြစ်ကြောင်း ကုလ၌တရုတ်ဒုသမ္မတပြောကြား

0
224

ကုလသမဂ္ဂ၊စက်တင်ဘာ ၂၂

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီ ထိုင်ဝမ်ကျွန်းနိုင်ငံအား တရုတ်ပြည်မလက်အောက်သို့ပြန်ရောက်ရန် ငြိမ်းချမ်းသောနည်းဖြင့်ကြိုးပမ်းနေသော်လည်း ထိုင်ဝမ်အား တရုတ်လက်အောက်ခံဖြစ်စေလိုသည့်တရုတ်၏ဆန္ဒနှင့် မြဲမြံသောဆုံးဖြတ်ချက်ကိုမူ လျှော့မတွက်ရန်ဒုတိယ သမ္မတကကုလ၌သတိပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၌မိန့်ခွန်းပြောကြားစဉ် တရုတ်ဒုတိယ သမ္မတက ထိုင်ဝမ်သည်တရုတ်ပြည်မ၏အစိတ်အပိုင်းဖြစ်သည်ဟူသည်မှာ ငြင်းဆို၍ မရသောအမှန်တရားဖြစ်သည်ဟု ထပ်မံပြောကြားခဲ့သည်။

“ခိုင်မာတဲ့သန္နိဋ္ဌာန်၊ခိုင်မာတဲ့ဆန္ဒနဲ့ တရုတ်လူမျိုးတွေရဲ့ အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ချင်တဲ့စိတ်ဆန္ဒကို ဘယ်သူကမှလျှော့မတွက်သင့်ပါဘူး” ဟုလည်း၎င်းကပြောကြားခဲ့သည်။

“တရုတ်ပြည်ကို ပြီးပြည့်စုံတဲ့ပြန်လည်ပေါင်းစည်းရေးအတွက် အကောင်အထည်ဖော်ဖို့ဆိုတာ တရုတ်နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ တူညီတဲ့ဆန္ဒတစ်ခုပါ” ဟုလည်းပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးရရှိရန်အတွက် ရိုးသားမှုနှင့် အစွမ်းကုန်ကြိုးပမ်းကာ ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားပါမည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here