မြန်မာအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအားဆွေးနွေး

0
201

မြန်မာအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံးတို့အကြားတွင် လက်ရှိနှင့် အနာဂတ်ကာလများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာအား စက်တင်ဘာ (၂၁) ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Ms. Sara Austin Netzer တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here