“မိုခါ” မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အား ပြန်လည် ထူထောင်ရာတွင် ကာလတို၊ ကာလရှည် ခွဲ၍ဆောင်ရွက်ရမည်

0
197

ရခိုင်ပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကာလတို ကာလရှည်ခွဲခြားလုပ်ဆောင်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းကပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရန် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရာတွင်မြေပြင်၌ အမှန်တကယ်ဖြစ်ပျက်မှုသာ လိုအပ်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် ပြန်လည်ထူထောင်ရေး စီမံကိန်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးဖမ်းခြင်း၊ ချက်ချင်းအကျိုးရှိနိုင်သည့် သက်တမ်းအသင့်အတင့်ရှိသည့် ဥစားကြက်၊ ဝက်၊ ဆိတ်၊ broiler ကြက်၊ အသားထုတ်လုပ်မှုလုပ်ငန်းနှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတို့ကိုပါ ထည့်သွင်းရေးဆွဲရမည်ဟုလည်း မှာကြားခဲ့သည်။

အလားတူ စာသင်ကျောင်းများ၊ ရုံး၊ ဌာနများပြုပြင်မှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း စီမံကိန်းတွင်ရေးဆွဲသွားရန်ကိုလည်း ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ “မိုခါ”မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုထိရောက်မြန်ဆန်စေရန် ပြည်နယ်အဆင့်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here