၃ ပတ်အတွင်း ဆောက်လုပ်ခွင့် ၂၀၇ ခု ခွင့်ပြုပေးခဲ့ဟုဆို

0
277

အဆောက်အဦ ဆောက်လုပ်ခွင့်နှင့်အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်(BCC) လျှောက်ထားခြင်းနှင့်ပတ်သက်၍ ၃ ပတ်အတွင်း ဆောက်လုပ်ခွင့် ၂၀၇ ခုကို ခွင့်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)မှာပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အဦဆောက်လုပ်ခွင့်နှင့် အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ထို့ပြင် ၃ ပတ်အတွင်း အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်(BCC) ၄၉ ခုကို ခွင့်ပြုပေးခဲ့ကြောင်းလည်း သိရသည်။

အဆောက်အဦဆောက်လုပ်ခွင့်ပေးနိုင်ရန် ထောက်ခံချက်များကို ဆက်စပ်ဌာနများဖြစ်သည့် မီးသတ်ဦးစီး ဌာနသို့ ၁၃ စောင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ၄၈ စောင်၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန ၈ စောင်၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ၁ စောင်၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) ၂ စောင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ၄ စောင်ပေးပို့ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here