မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံနှင့်ပြည်သူများ၏ ကဏ္ဍစုံအကျိုးစီးပွားအပြန်အလှန်ဖြစ်ထွန်းရေးအတွက် ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်

0
315

မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံနှင့်ပြည်သူများ၏ ကဏ္ဍစုံအကျိုးစီးပွားအပြန်အလှန်ဖြစ်ထွန်းရေးအတွက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

စက်တင်ဘာ ၂၁ ရက်ကကျရောက်သည့် မြန်မာနိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတို့ကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀)ပြည့် အထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌမှ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတို့သည် အာဆီယံမိသားစုဝင်များဖြစ်သည့်အားလျော်စွာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်သာယာဝပြောမှုမြှင့်တင်ရေးကို ဝိုင်းဝန်းဆောင်ရွက်လျက် နှစ်နိုင်ငံကြားနှင့် နိုင်ငံတကာမျက်နှာစာတွင် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ထားရှိနိုင်ခဲ့ကြသည်ကို တွေ့မြင်ရ၍ များစွာဝမ်းမြောက်မိပါသည်ဟု ရေးသားပြောဆိုခဲ့သည်။

ထို့ပြင် မိမိတို့နှစ်နိုင်ငံကြားရှိ ရင်းနှီးသောဆက်ဆံရေးနှင့်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ခဲ့သည့်နည်းတူ မိမိတို့၏ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများအား နှစ်နိုင်ငံနှင့်ပြည်သူများ၏ ကဏ္ဍစုံအကျိုးစီးပွားအပြန်အလှန်ဖြစ်ထွန်းရန် ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်သည်ဟုလည်း နစက ဥက္ကဋ္ဌမှ သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here