ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်မြန်မာအားကစားအဖွဲ့ တရုတ်နိုင်ငံသို့ထွက်ခွာ

0
181

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်မြန်မာအားကစားအဖွဲ့ ၂ ဖွဲ့တို့ စက်တင်ဘာ ၂၂ ရက်နံနက် ၁၁ နာရီ ၂၅ မိနစ်က ရန်ကုန်လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။

တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံမှသွားရောက်ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်အတူ ဝူရှူး အားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ၊တိုက်ကွမ်ဒိုအားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ လိုက်ပါသွားခဲ့ကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr.Pan Feng ၊ ရန်ကုန်တိုင်းဥပဒေချုပ်ဦးဌေးအောင်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် အမျိုးသားဘောလုံး၊အမျိုးသမီးဘောလုံး၊ဝူရှူး၊တိုက်ကွမ်ဒို၊လှေလှော်၊ E-Sports၊ မြားပစ်၊ပိုက်ကျော်ခြင်း အားကစားနည်း(၇)မျိုးအားဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here