NSPNC နှင့် RCSS တို့ ၂ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို မှတ် တမ်းတင်လက်မှတ်ထိုး

0
145

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ ၂ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြသည်။

NSPNC နှင့် RCSS တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲအား စက်တင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပြီးနောက် လက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးသတ်သေးသည်များ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့်အထွေထွေကိစ္စများအား ဆွေးနွေးညှိနှိုင်းကာ ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို မှတ်တမ်းတင်လက် မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အတွင်း ရေးမှူး(၁)စဝ်စိုင်းငင်းတို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here