တာချီလိတ်တွင် ငွေကျပ် (၂)ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိ

0
130

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် (၂)ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) (၁၈) ဒသမ (၅၁) ကီလို၊ ကား(၁)စီး၊ ဆိုင်ကယ် (၂)စီးနှင့်အတူ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့မှ စက်တင်ဘာ (၁၅)ရက် ညနေ (၅)နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ဝိန်းကျောက်ရပ်ကွက်မှ သန်းစိန်(ခ) အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါလာသည့် တိုယိုတာဟိုင်းလတ်စ်ရီဗို ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) (၁၄) ဒသမ (၉၁) ကီလို သိမ်းဆည်းရမိခဲ့သည်။

သတင်းကွင်းဆက်အရ ည (၇)နာရီ (၃၀) မိနစ်တွင် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့နယ် ဆွတ်ဆိုင်ကျေးရွာမှ စိုင်းဆိုင်ငင်း၊ စိုင်းကျန်နှင့် ဆီနွန်းတို့ (၃)ဦးအား စစ်ဆေးရာ ဆိုင်ကယ် (၂)စီးဖြင့် စိတ်ပြောင်းဆေးဝါး (Happy Water) (၃)ဒသမ (၆) ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် (၂) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) (၁၈) ဒသမ (၅၁) ကီလို သိမ်းဆည်းရမိခဲ့သည့်အတွက် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လူငယ်များအား အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖြန့်ဖြူးရောင်းချခြင်းကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here