ဂိုးသမားနဲ့ ဂိုးပေါက်ကို မမြင်ရတဲ့ အနေအထားမှာတောင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

0
262

အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်အာလီနဲ့ပွဲမှာ ဂိုးသမားနဲ့ ဂိုးပေါက်ကို မမြင်ရတဲ့ အနေအထားမှာတောင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ အဲ့ဒီဂိုးကို ပွဲအစ (၄) မိနစ်မှာတင် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီဂိုးသွင်းယူစဉ်အချိန်မှာ ပွဲကြည့်စင်က အဝါရောင်မီးခိုးတွေက ကွင်းအတွင်းထိ ၀င်ခဲ့ကာ ဂိုးပေါက်နဲ့ ဂိုးသမားကိုပါ ဖုံးလွှမ်းနေခဲ့ပါတယ်။

ပရိသတ်တွေက အဲ့ဒီဂိုးကို Ghost Goal အဖြစ် လူမှုကွန်ရက်မှာ တင်စားပြောဆိုနေကြပြီး ရော်နယ်လ်ဒို ဂိုးသွင်းယူတာကို ဂိုးသမားတောင် သိလိုက်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

‌စီရော်နယ်လ်ဒိုဟာ အဲ့ဒီပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း ၄ ဂိုး ၃ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယခုနှစ်မှာ ပိုမိုခြေစွမ်းပြသနေကာအယ်လ်နာဆာအသင်းအတွက် (၅) ပွဲဆက် ဂိုးသွင်းယူပေးထားပြီး ဆော်ဒီလိဂ်မှာ သွင်းဂိုး (၉) ဂိုးအထိ ရရှိထားကာ ဂိုးဖန်တီးမှု (၄) ကြိမ်ပြုလုပ်ပေးထားပါတယ်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here