မန္တေလး၊ပြည်ကြီးတံခွန်တွင် အမျိုးသားကြီးတစ်ဦးအား ပုဆိန်ဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွား

0
280

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်မွန်းတည့်ပိုင်းက အမျိုးသားကြီးတစ်ဦးအား ပုဆိန်ဖြင့်ခုတ်၍ မောင်းနှင်လာသည့်ဆိုင်ကယ်အား လုယက်သွားခဲ့ကြကြောင်း လောကပါလလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်က အမည်မသိအမျိုးသား ၄ ဦးသည် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၁၃၆ လမ်းအနီး၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားကြီးအား ပုဆိန်ဖြင့်ခုတ်၍ စီးနင်းလာသည့်ဆိုင်ကယ်အား လုယက်ယူဆောင်ပြီးနောက် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ပုဆိန်နဲ့ခုတ်ခံရတဲ့လူက အသက်(၅၀)ဝန်းကျင်လောက်ရှိပြီး ဆိုင်ကယ်နောက်မှာက နောက်ထပ်တစ်ယောက်လည်းပါတယ် မောင်းတဲ့လူကိုပုဆိန်နဲ့ခုတ်တော့ မျက်နှာမှာ ဒဏ်ရာတွေအတော်များများရသွားတယ် နောက်တစ်ယောက်ကတော့ထွက်ပြေးသွားတဲ့အတွက်လွတ်သွားတယ် အခင်းဖြစ်နေရာမှာ ပုဆိန်ကျန်ခဲ့ပါတယ်”ဟု လောကပါလလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကြီးအား လောကပါလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here