ရန်ကုန်တိုင်းရှိ မြို့နယ်အနှံ့၌ ငလျင်လှုပ်ခတ်ခဲ့

0
443

ရန်ကုန်တိုင်းရှိ မြို့နယ်အနှံ့တွင် စက်တင်ဘာ ၂၃ ရက်(ယနေ့)ည ၈ နာရီ၅၄ မိနစ်ခန့်က အင်အားရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

“ထိုင်နေရင်းနဲ့အိမ်ကလှုပ်သွားတယ် ဆွဲခါလိုက်သလိုဖြစ်တယ် နောက်ပြီး ယိမ်းထိုးပြီးလှုပ်တယ် တစ်ကြိမ်ထဲမဟုတ်ဘူး ၃ ကြိမ် ၄ ကြိမ်လောက်ဖြစ်သွားတာ အင်အားကတော့ အတော်များတယ်ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးမင်းစိုးကပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါးခံစားခဲ့ရခြင်းဖြစ်ပြီး မရမ်းကုန်း၊မဂ်လာဒုံ၊ သာကေတ၊သုဝဏ္ဏ၊ ဒေါပုံ၊ ရွေပြည်သာ၊ ဒဂုံ တောင်မြောက်တို့မှ ပြည်သူတို့၏ ပြောကြားချက်အရ ငလျင်ကိုသိသိသာသာခံစားရကြောင်း၊ပြင်းအားအဆင့်သတ်မှတ်ချက်များနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ယနေ့ ညနေပိုင်းတွင် ငလျင် (၃) ကြိမ်လှုပ်ခတ်ပြီး (၈) နာရီ (၅၄) မိနစ်တွင်လှုပ်ခတ်သည့် ငလျင်သည် အင်အား ပြင်း ထန်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ခံစားမိကြောင်း သိရသည်။

ယနေ့ ညနေ (၅)နာရီ (၃၃) မိနစ် ခန့်က ဒိုက်ဦး မြို့အနီး မိုင် (၂၀) ဝန်းကျင်ကို ဗဟိုပြု၍ ပြင်းအား ၃.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်စတင်လှုပ်ခတ်ခဲ့ပြီး (၆) နာရီ (၂၂) မိနစ်ဝန်းကျင်တွင် နောက်ဆက်တွဲ ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သေး‌သည်။

ယခု ၈ နာရီ ၅၄မိနစ်ဝန်းကျင်တွင် အင်အားပြင်းငလျင်တစ်ကြိမ် နောက်ဆက်တွဲအနေဖြင့် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိုးယွန်းကြီးအင်း၏ မြောက်ဖက် အနောက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား ၄.၇ ရစ်ခ်ျတာစကေး ဖြင့်လှုပ်ခတ်ခြင်းဖြစ်ကြောင်း ငလျင်ပညာရှင် ဒေါ်လှလှအောင်က ကန ဦးတွေ့ရှိချက်ကို ပေါ်ပြူလာနယူးစ်သို့ ပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here