တိုင်ပေ၊စက်တင်ဘာ ၂၂
ထိုင်ဝမ်တောင်ပိုင်းရှိ ဂေါက်ရိုက်ကိရိယာထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် စက်တင်ဘာ ၂၂ ရက်နေ့က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ဆယ်ဦးပျောက်ဆုံးနေကြောင်းအစိုးရကပြောကြားခဲ့သည်။
Pingtung ခရိုင်၏စက်မှုဇုန်ထဲရှိ စက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်မီးသတ်ဌာနကပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူ ၁၀ ဦးအနက် ၃ ဦးမှာ မီးသတ်သမားများဖြစ်ပြီး သေဆုံးသူတစ်ဦးမှာလည်းမီးသတ်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း မီးသတ်ဌာနက အတည်ပြုပြောကြားခဲ့သည်။
စက်ရုံမီးလောင်မှုကြောင့် လူပေါင်း ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြရကြောင်းလည်းသိရှိရသည်။
Source : Reuters