ပဲခူးမြို့ အနောက်တောင်ဘက် (၁၂) မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား ရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇ/လ ထုတ်ပြန်

0
300

ယနေ့ စက်တင်ဘာ (၂၃) ရက် ည (၈)နာရီ (၅၄) မိနစ်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပဲခူးမြို့၏ အနော က်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန် အသိပေးထားသည်။

အဆိုပါ ငလျင် လှုပ်ခတ်မှုကို ရန်ကုန်တိုင်းရှိ မြို့နယ်အနှံ့တွင် ခံစား သိရှိရကြောင်း လှုမှုကွန်ရက်အသုံးပြုသူများကလည်း မျှဝေထားသည်။

“အထပ်မြင့်မှာနေတော့တော်တော်သိသာပါတယ်၊ တိုက်ခန်း က ယိမ်းခါပြီး ဆွဲလှုပ်သလိုပါ ဖြစ်တော့ ကြောက်ပြီး ဆင်းပြေးကြတယ်”ဟု မရမ်းကုန်းတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

ထို့ပြင် ညနေ ၅ နာရီ ၃၃ မိနစ် ၄၃ စက္ကန့်ကလည်း ပဲခူးတို င်း၊ ဒိုက်ဦးမြို့၏ အနောက်ဘက်(၂၁)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၇ ဒသမ ၈၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒ သမ ၃၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာအားဗဟိုပြု၍ အင် အား ရစ်(ခ်) တာစကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အားအန ည်း ငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုလှုပ်ခတ်သည့် ငလျင်သည် ဘေးတိုက်လှုပ်ခတ်သည့် ငလျင်အမျိုးအစားဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြောမှ လှုပ်ခတ်ခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ငလျင်ပညာရှင် ဒေါ်လှလှအောင်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here